လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Saturday, November 25, 2006

ဆုံတွေ့ခဲ့ဖူးသည်

မီးသော်ကြီး မနေ့က စာလုံးဝ မရေးဖြစ်ဘူး။ ဘာရေးရမလဲ တွေးရင်းနဲ့ ဘာမှကို မရေးဖြစ်ဘူး။ နေ့မှာ မရေးဖြစ်တော့ ညမှာ ရေးမယ် တွေးထားတာလဲ မရေးဖြစ်ပါဘူး။ မိဘနှစ်ပါး ခရီးသွားမယ် ဆိုတာနဲ့ပဲ ဘာမှ မရေးဖြစ်လိုက်ဘူး။ အားလုံး ပြင်ဆင်ပေးနေရတာနဲ့တင် ည ၁၁ နာရီ ရောက်သွားတယ်။ မနက်ကျ သူတို့က စောစောသွားမယ် ဆိုတာနဲ့ မနိုးမှာစိုးလို့ ချက်ခြင်း အိပ်ရာဝင်လိုက်တာ။ မီတင်လေးတောင် မတက်လိုက်ရဘူး။ အဲကြောင့်နေမှာ မနက်ကျ အိပ်ရာနိုးတော့ မှန်ကြည့်လိုက်တာ အရွယ်နဲနဲ ကျသွားတယ်။ နောက်ဆုံး အစမှ အဆုံး ကြည့်လိုက်တော့ မနေ့က စာမရေးဖြစ်လိုက်ဘူးပေါ့အေ။ မနေ့က မီးသော်ကြီးရဲ့ တစ်ဦးတည်းသော အဖေရဲ့ မွေးနေ့ဖြစ်သလို အမေရိကန်မှာလဲ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပွဲ လုပ်တယ်ဆိုလား။ ( စာရေးတာ နည်းနေသလားလို့ ဖေါလိုက်တာ )။

မီးသော်ကြီး အိပ်ရာနိုးလို့ စာရေးမလို့ စဉ်းစားမိလိုက်တယ် ဆိုရင်ပဲ ညက်နှာတစ်ရင်း ကောင်းကင်ကို မော့ကြည့်မိလိုက်တယ်။ အော် … ငါနေ့လည်ကြီးမှာ ကြယ်ကို ရှာနေမိတာပါလား ဆိုပြီး သတိရသွားတယ်။ ဟုတ်တယ် မီးသော်ကြီး ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတာပါ။ ဟိုအရင်တစ်ချိန်က မီးသော်ကြီးကလဲ ကောင်းကင်ကို မော့ကြည့်မိချိန် ကောင်းကင်ပေါ်က ကြယ်လေးကလဲ မီးသော်ကြီးကို ကြည့်နေချိန်နဲ့ တိုက်ဆိုင်ခဲ့ဘူးတယ်။ မီးသော်ကြီး အမှတ်မထင် ပြုံးပြလိုက်မိတယ် ထင်တယ်။ ကြယ်လေးကလဲ ပြန်ပြုံးနေပါလား ...။ အဲချိန်မှာ မီးသော်ကြီး အဲဒီကြယ်လေးကို လိုချင်တယ်။ ကြယ်ဆိုတာ ကောင်းကင်ပေါ်မှာပါ။ မီးသော်ကြီးက မြေပြင်ကနေ မော့ကြည့်လိုက်တာ။ လိုချင်တယ် ဆိုပေမယ့် မဖြစ်နိုင်ဘူးဆိုတာ သိနေတယ်လေ။ အဲတော့ မီးသော်ကြီး သတ်မှတ်လိုက်တယ်။ အဲကြယ်လေးဟာ ငါ့ရဲ့ ကြယ်လေးပဲပေါ့။ အဲလိုနဲ့ မီးသော်ကြီးလေ ညညတွေမှာ မီးသော်ကြီးရဲ့ ကြယ်လေးကို မော့မော့ကြည့်ရင်း စကားတွေများစွာ ပြောခဲ့တာပေါ့။ မီးသော်ကြီး စိတ်ထဲမှာလဲ ကောင်းကင်ပေါ်က ကြယ်လေးနဲ့ မီးသော်ကြီးက ရင်းနှီးလာတယ်လို့ ထင်တယ်။ ပြီးတော့ ဝေးကွာတယ် ဆိုတဲ့ မီးသော်ကြီးနဲ့ ကြယ်လေးတို့ရဲ့ အနေအထားကိုလဲ မေ့နေတယ်။ မီးသော်ကြီး မော့နေမိတာကိုတောင် မေ့နေတယ်။ ကြယ်ကလေးက တလက်လက် တောက်ပနေလိုက်တာ ...။ သူရဲ့ တောက်ပမှုက ပူလောင်မှုကို မပေးဘူး။ မီးသော်ကြီးက ကြယ်တွေ များစွာထဲက ကြယ်လေး ၁ လုံးကို အမှတ်မထင် ကြည့်မိသွားတာပါ။ သူ့ရဲ့ တလက်လက် တောက်ပမှုလေးက မီးသော်ကြီးကို သိမ်းသွင်းထားတယ်လေ။ လပြည့်ညတွေမှာတောင် သူ့ရဲ့ တောက်ပမှုကြောင့် အခြားသော ကြယ်လေးတွေလို မှေးမှိန် မနေပါဘူး။ မီးသော်ကြီးက အဲတာတွေကို ဂုဏ်ယူနေရင်း ငါ့ကြယ်လေးက တောက်ပလိုက်တာ ဆိုပြီး ပီတိတွေ ဖျာနေခဲ့တာပေါ့။ မီးသော်ကြီး ဘာကိုမှ သတိမထားမိခဲ့လောက်အောင် ကြယ်လေးရဲ့ လင်းလက်မှု အောက်မှာ မျောပါနေမိခဲ့တာ။ ညတွေတိုင်းဟာ မီးသော်ကြီးအတွက် အဓိပ္ပါယ်တွေ ပြည့်နေခဲ့တယ်။ ညတစ်ညရဲ့ အမှောင်ဆိုတာကို မီးသော်ကြီး သတိမရလောက်အောင် ကြယ်ကလေးရဲ့ ဖျားယောင်းမှုကို ခံခဲ့တယ်။ ကျရောက်လာမယ့် ညတွေတိုင်းမှာ ကြယ်ကလေးရဲ့ လင်းလက်မှုကို မြင်ခွင့်ရဖို့အရေး မျှော်နေမိခဲ့တယ်။ ကြယ်ကလေးရယ် နင့်ကို ငါအပိုင်ရချင်တယ်။ အဲတာ ဆန္ဒတစ်ခုပါ။ ဆုတောင်းတစ်ခု မဟုတ်ခဲ့ပါဘူး။ လူ ၁ ယောက်မှာ ဆန္ဒဆိုတာ အကြိမ်ကြိမ် ဖြစ်ပေါ်လေ့ ရှိတတ်တယ်။ မီးသော်ကြီးလဲ အဲလိုပါပဲ။ ညပေါင်းများစွာကို ကြယ်ကလေးနဲ့ ကုန်ဆုံးစေခဲ့တယ်။

မီးသော်ကြီး မေ့နေပေမယ့် မီးသော်ကြီးကို မမေ့နေတာက လက်ရှိလောကပေါ့။ မီးသော်ကြီး သိသင့်တာတစ်ခုကို မီးသော်ကြီး မေ့နေခဲ့တာ။ ကောင်းကင်ပေါ်က ကြယ်လေးတွေကို မီးသော်ကြီး မြင်ရသလို အခြားသောသူတွေလဲ မြင်နေလိမ့်မယ် ဆိုတာကိုပေါ့။ မီးသော်ကြီး နှစ်သက်သလို အခြား မြင်ရသူတွေလဲ နှစ်သက်နေလိမ့်မယ် ဆိုတာ။ ကြယ်ကလေးရယ် နင်ပြုံးပြလိုက်တာ ငါ ၁ ယောက်ထဲကိုမှ မဟုတ်ပဲနော်။ ငါများ အမြင်မှားမိတာလား။ နင် ပြုံးပြလိုက်တဲ့သူက ငါမဟုတ်တဲ့ အခြားသူကိုများလား။ ကြယ်လေးရေ ငါ့ရဲ့ ကြယ်ကလေးဆိုတဲ့ ပိုင်ဆိုင်မှုကို ငါ တပ်မက်မနေတော့ပါဘူး။ ကောင်းကင်ပေါ်မှာနေတဲ့ ကြယ်ကလေးရဲ့ တလက်လက် တောက်ပနေမှုကိုပဲ ငါ ကြည့်နေတော့မယ်။ ကောင်းကင်ပေါ်က ဟိုနေရာက ကြယ်လေး ၁ လုံးဟာ မီးသော်ကြီးရဲ့ ကြယ်လေးဆိုတာမျိုး မီးသော်ကြီး မပြောတော့ဘူး။ အပိုင်ရချင်တယ် ဆိုတဲ့ ဆန္ဒလဲ ဖျောက်လိုက်ပါပြီ။ လက်ရှိလောကကို မီးသော်ကြီး မြင်လိုက်လို့ပါ။ မိုးပေါ်မှာပဲ နေပါကြယ်လေးရယ်။ ငါ နောက်တစ်ကြိမ် အမှတ်မထင် မော့ကြည့်မိခဲ့ရင် ကြယ်လေးရဲ့ တောက်ပနေတဲ့ အလင်းလေးကို မြင်ရရင် ရပါတယ်။ မီးသော်ကြီးလဲ ညညတွေမှာ ကောင်းကင်ကို မော့မကြည့်မိအောင် အမြဲ ခေါင်းငုံ့ထားမှာပါ။ တစ်ခါတစ်ရံမှာ မီးသော်ကြီး ရှာမိတယ်။ ကြယ်လေး ၁ လုံးကိုပေါ့။ မီးသော်ကြီး မတွေ့ပါဘူး။ မတွေ့တာ ကြယ်လေးက ပျောက်သွားတာ မဟုတ်ပါဘူး။ မီးသော်ကြီး ရှာမိတာ နေ့လည်ချိန်တွေမှာပဲ ဖြစ်နေလို့ပါပဲ။ မီးသော်ကြီးမှာ ကြယ်လေးတစ်လုံး ပိုင်ဆိုင်ခဲ့ဘုးတယ်။ အပိုင်မရလိုက်ဘူး။ မီးသော်ကြီး ကျေနပ်ပါတယ်။ အပိုင် ရနိုင်ဖို့လဲ မဖြစ်နိုင်ဘူးလေ။ မီးသော်ကြီးကလဲ ကောင်းကင်ပေါ် ရောက်မသွားနိုင်ဘူး။ ကောင်းကင်ပေါ်က ကြယ်လေးကိုလဲ ကြွေမလာစေချင်ဘူး။ အဲဒီတော့ ကြယ်လေးရယ် ငါတို့ ၂ ဦးသား ဒီလိုပဲ ဆက်လက် ရှင်သန်သွားကြတာပေါ့နော်။ ငါ ကျေနပ်နေပါတယ် ကြယ်ကလေးရေ။ နင် ပျော်ရွှင်နေပါစေနော်။ - ။

( စာကြွင်း - ကြယ်လေးနဲ့ မီးသော်ကြီး အကြည့်ချင်း ဆုံလိုက်မိတာ မှတ်မှတ်ရရ April Fool Day ဖြစ်လို့နေပါတယ်။ )

4 comments:

အော်ပရားး said...

တို့ မိသော်ကြီး အရူးလုပ်ခံလိုက်ရတယ်ပေါ့လေ... သြော်လူတွေဟာ အရူးထဲက အရူးတွေပါပဲလေ... တပ်မက်မူ လိုချင်မူတွေက လူတိုင်း ဖြစ်နေကြသမျှတော လူတိုင်း ဟာ ရူးသွပ်နေကြအုံမှာပဲ... (အဟိ ကျွန်တော်လည်း အရူးပါပဲ)... အင်း တို့အမကြီး မိသော်ကတော.. အရူး နည်းနည်းလွတ်ကင်းသွားပြီထင်တယ်... ကြယ်လေးကို မတွယ်ကပ်တောဘူးဆိုတော... နောက်နှစ် April Fool Day မှာ အနော့အမကြီး မိသော်တစ်ယောက် အရူးမလုပ်ခံရပါစေနဲ့လို့ မောင်မောင်လေး ဆုတောင်းလိုက်ပါတယ်...

Anonymous said...

ချစ်သော်..ဒီစာလေးကိုအရမ်းသဘောကျတယ်..
မပိုင်ဆိုင်ရရင်တောင်ငေးကြည်.နေခွင်.ရတယ်ဆို
ငေးကြည်.နေခွင်.လေးရတယ်ဆိုရင်ပေါ.နော်

ု့khakalay said...

ချစ်မသော် . ဒီလိုပါပဲဗျာ .. ရူးသွပ်မှု တစ်ခုတော့ ဖြစ်ခဲ့ကြတာပေါ့ . ဒါပေမယ့် အဲ့ဒီ စိတ်ထဲက ရုန်းထွက်နိုင်တယ်ဆိုတော့ မသော် တော်ပါတယ် . ခ ဆို အဲ့ဒီ ကြယ်ကလေး ကို ပိုင်ဆိုင်ချင်တဲ့ စိတ်နဲ့ ရူးသွပ်မိနေတုန်းပဲ . မသော် စာ ဖတ်လိုက်တော့ တရားရတယ် . ကြိုးစားလိုက်အုံးမယ်နော် .. ညီမလေးကိုလဲ အားပေးအုံး ..

Eun Miso said...

ညဖက်တွေမှာ ပြန်ရှာရင်လည်း အဲ့ကြယ်ကလေးမရှိတော့ပါဘူး။သူပြုံးပြနေကျ သူ့ကိုပြန်ပြုံးပြနေကျကောင်မလေးကို သူမြင်သွားတယ်။ကြယ်စင်တွေကြားထဲအားငယ်နေတဲ့ကြယ်လေးက ဒီလောက် ကြယ်စင်စုတွေအများကြီးထဲမှာမှ သူ့ကိုတယုတယ ဂရုစိုက်သူရှိနေတယ်ဆိုတဲ့အတွေးလေးနဲ့ ရှင်သန်ပျော်မြူး တစတစထွန်းလင်းလာတာကို ကောင်မလေးမသိဘူးလေ။တကယ်တော့ ကြယ်စင်လေးက ကောင်မလေးကြောင့်တောက်ပလာခဲ့တာ ပြူံးရယ်လာခဲ့တာ။ညစဉ်တိုင်း ပျော်နေခဲ့တာ။ရုတ်တရက် ကောင်မလေးပျောက်သွားတော့ နေမထိထိုင်မသာလေ။ကြယ်စင်လေးဘဝက ဘယ်မှရွှေ့မရပြုမရ။ကောင်မလေးကိုလိုက်ရှာချင်ပေမယ့် ရှာမရလေတော့ ပေါ်လာမလား မျှော်ရင်းမျှော်ရင်း ကြယ်စင်လေးအလင်းက မှေးမှိန်ရုံမက ကြယ်စင်လေးကြွေရရှာသွားပြီဆိုတာ