လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Tuesday, November 21, 2006

ဥဒေါင်းလေးများ ကသလို

ချစ်တဲ့ သူငယ်လေ ... သူငယ်ချင်းပေါင်း ယောင်းမတို့ရေ ( အကိုတွေ၊ မောင်တွေ ရှိသမျှ အားလုံးကို ရည်ညွှန်းသည်။ ) မီးသော်ကြီး ၁ ယောက် ဘာရေးလို့ ရေးရမယ်လဲ မသိဘူး။ ကွန်ပြူတာလေး ပိတ်လို့ အိပ်တော့မလားဟေ့ ဆိုရင် အတွေးတွေက တန်းစီလို့ သူထွက်ပါရစေ၊ ငါထွက်ပါရစေနဲ့ လုနေကြရော။ မီးသော်ကြီးလဲ အိပ်ရေးက မက်တယ်ဆိုတော့ အင်း နေပါစေဦးပေါ့လေ၊ နံနက် မိုးလင်းမှ ရေးမယ်ပေါ့။ အဲလို တွေးပြီး အိပ်လိုက်ပါလေရော။ ကဲ မိုးလဲလင်းလို့ ညက ရေးမယ်ဆိုတဲ့ စာလေးတွေလဲစဉ်းစားရော စိတ်ကောက်တော်မူကြသတဲ့လေ။ တစ်ခုမှ ထွက်မလာတော့ဘူး။ ဘယ်လိုပဲ ချော့ချော့ ထွက်ကို မလာကြတော့တာ။ အဲတော့ မီးသော်ကြီးလဲ ဘယ်ရမလဲ၊ ပစ်ထားပလိုက်တယ်။ မထွက်လဲ နေဟယ်ဆိုပြီး နောက်ဆုံးတော့ ဘာဖြစ်တယ်မှတ်လဲ၊ နေ့စဉ်ပုံမှန် ဘလော့လေးမှာ ပို့စ်အသစ် မတင်ရတော့ဘူးပေါ့။ ခု မီးသော်ကြီး ဘာရေးရမလဲ စဉ်းစားနေတုန်း သူ ဆိုတဲ့စကားကို သတိရမိတယ်။ မီးသော်ကြီးနဲ့ သူမ၏သူများလို့ ရေးမယ်ပေါ့။ အဟိ အွန်သွန်ဖာမှောက် လျှောက်တွေးရင်းနဲ့ ရေးတော့မယ်ပေါ့။ ( ဒန်တန့်တန် ) နောက်မှ သေချာပြန်တွေးကြည့်တော့ လား ... လား ... ကိုယ်ပေါင် ကိုယ်လှန် ထောင်းသလို - ဖြစ်သေးပါဘူး၊ တစ်နည်းနည်းတော့ တွေးဦးမှ။ စဉ်းစားစမ်း။ - ။

အဲ ... ဟုတ်ပြီ။ သူမ၏သူများတော့ မလုပ်ဘူး။ ကြုံတွေ့ဘူးသမျှ ဆိုရင်ကော … ဒါလဲ မထူးပါဘူး။ ဘာဘူကြီးနဲ့ အလာကြီး မုတ်ဆိတ်မွှေး ပါတာချည်းပဲ။ အဲ ဘယ့်နယ့် ကုလားဇာတ်က ပါလာပြန်တာလဲ။ ဒီလိုလေးဆိုရင်ကော … မြင်-မြင်ဘူးသမျှ ပုရိသ ဆိုရင် … အင်း မဆိုးဘူးတော့။ ဒါဆို ဒီလိုလေးပဲ သတ်မှတ်လိုက်ကြစို့။ မီးသော်ကြီး မြင်တွေ့ဘူးတာကတော့ ( အဟမ်း … ပေါချာလည် ဇာတ်လမ်း နိဒါန်းပေါ့ ) အဟိ။ ချစ်ကြတယ်လို့တော့ မပြောတော့ဘူးနော်။ အဲတာကို ဘုံထုတ်လိုက်မယ်။ ဖြစ်တယ်မလား။ မီးသော်ကြီး မှတ်မိသလောက်ပေါ့ ( ကျီး အတောင်ပေါက်စ အရွယ်ဆိုလား ) ရူးနန့်နန့် အရွယ်တုန်းကထင်တယ်။ အဲတုန်းကဲ ၁ ယောက်။ ခုတော့လဲ မှုန်ဝါးဝါးနဲ့ ပျောက်စပြုနေပါပြီ။ သူလဲ ခုချိန် မီးသော်ကြီးဆိုတာ ဂျိုနဲ့လားလို့တောင် ပြန်စဉ်းစားနေလောက်ပြီ။ အဲ … ဖြစ်ပြန်ပြီ။ ကိုယ့်ကိုယ်ကို ဘယ်ဇာတ် သွင်းနေမိပါလိမ့်နော်။ ထားပါ … သူနဲ့က ဘာဆိုတာ ခွဲခွဲခြားခြား မသိသေးဘူးဆိုတော့ သူ့ကိုစားရင်းကနေ ခဏ ဖယ်လိုက်မယ်နော်။ ငယ်ငယ်တုန်းက တို့များ ကစားကျတော့ ခလေးငယ်တွေပါ။ ပါဝင် ဆော့ကစားချင်ကြရင် ပြောလေ့ရှိတဲ့ စကားလိုပေါ့။ ထမင်းမစား၊ ကွမ်းမစားဆိုလား။ အဲလိုပဲ ထားလိုက်ကြစို့ရယ်။ နောက်ကျတော့ မီးသော်ကြီး ပထမစာမှာ ပြောခဲ့သလို ဟိုနယ်လေးမှာပေါ့။ အဲတုန်းက မီးသော်ကြီး နားလည်သလိုလိုတော့ ရှိသား။ ဒါပေမယ့်လေ အားနာတတ်တယ်ဆိုမလား။ မီးသော်ကြီး ဘယ်သူ့ကိုမှ မငြင်းခဲ့လေတော့ ဇာတ်လမ်းတွေ ဖြစ်ခဲ့ကုန်တာပေါ့။ အဲတုန်းက မောင်မောင်ပုရိသတို့ လူ့သတင်း လူချင်းဆောင်လို့ ကြားသိရတာတော့ လူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီဆိုလား။ ထားပါလေ … နောက်ကျတော့ မီးသော်ကြီး တောင်ပေါ်ဒေသလေးကို ရောက်ရှိခဲ့တယ်။ အဲကျတော့လဲ ဇာတ်လမ်းလေးတွေ ရှိခဲ့ပြန်ရော။ အဲအမောင်များလဲ ပြန်လည်ဆုံမိပါရဲ့။ ဘေးနားမှာ သူ့တို့ရဲ့ စွမ်းဆောင်ချက် ဘွဲ့ဒီကရီ တွဲလောင်းလေးများကိုယ်ဆီနဲ့ အော် … မီးသော်ကြီးရယ် နင်သာလျှင် ညံ့ပေတာကိုးလို့တောင် ယောင်ယန်းပြီးများ ညည်းတွားလိုက်မိလေသလားတောင် မသိတော့ဘူး။ အဲလိုနဲ့ မီးသော်ကြီး ၁ ယောက် တက်ကသိုလ် ကျောင်းတော်ကြီးကို အများသူငါတွေလို မထူးဆန်းစွာနဲ့ ရောက်ရှိသွားလေသည်။ အင်း မထူးဆန်းတာက တက်ကသိုလ်ရောက်တာ၊ ထူးဆန်းတာက မည်သူမှ မကြုံဘူးတဲ့အဖြစ်ကို မီးသော်ကြီး ကြုံဘူးတာ။ ပြောပြရမယ်ဆိုရင် မောင်မောင်ပုရိသ တစ်ယောက်ကလေ မီးသော်ကြီးကို အပေါ်မှာ ဘုံထုတ်ထားလိုက်တဲ့ကိစ်စကို နိဒါန်းချီတယ်ပေါ့လေ။ ဟုတ်ပြီပေါ့။ မီးသော်ကြီးတို့လဲ တက်ကသိုလ်ဆိုတာကို ပီပြင်အောင်တက်မယ်ပေါ့။ တစ်ရက်တော့ သူကပြောလာတယ်။ ရေသည်ကို ( - ) တယ်တဲ့။ နက်ဖန်ကျရင် ( - ) ပြုပါပေါ့လေ။ မီးသော်ကြီးလဲ အင်းပေါ့ … ဘယ်သွားမယ်၊ ဘယ်ချိန်လာခေါ်မယ်ပေါ့လေ။ အဲနောက် နက်ဖန်ကျ မီးသော်ကြီး စောင့်နေပါလေရော။ အများသူငါတွေသာဆိုရင် ဒန်တန့်တန်ပေါ့။ မီးသော်ကြီးတို့ကျတော့ ကံထူးမို့လားမသိ၊ ဖြစ်သွားပုံက ဒီလို … အဲနေ့ သူရောက်မလာဘူး။ သူတို့အိမ် အလှူလုပ်လို့တဲ့။ နောက်ရက်ကျ ရောက်လာရော။ သယ်ဂျင်းတွေ ဘယ်လိုထင်လဲဟင်။ တွေးမိတာလေးနဲ့များ တူမလားဆိုတာ ဆက်မဖတ်သေးပဲ တွေးကြည့်လိုက်ပါလား။ ဖတ်နေရင်း အပျင်းပြေတာပေါ့။ ဘယ်လိုပုံစံ ရောက်လာသလဲဆိုတော့ ... ဘုန်းကြီးဝတ်ကြီးနဲ့တော့။ သော်တောင်မှ ကြောင်သွားတာပဲ။ ဘယ်နယ့် ဘယ်လို ဖြစ်တာလဲပေါ့။ သူတို့ သူငယ်ချင်းတွေ ၃ ယောက်ဆိုလား အိမ်က အတင်းဝတ်ခိုင်းလို့ပါတဲ့လေ။ မီးသော်ကြီးတို့ဖြစ်ပုံ အဲလို။ နောက်တော့ သူနဲ့လဲ မီးသော်ကြီးတို့ ထုံးစံအတိုင်း ဝေးကွာသွားကြတယ်ပေါ့။ နောက်တော့ ပုရိသတွေလဲများသား။ ဥသျှစ် ၁ တင်း၊ နှမ်း ၁ တင်းလို့သာ ပြောနေကြတယ်။ မီးသော်ကြီးကျ ဆုံတွေ့တာတွေ ဘာလို့ အဲလောက်များနေလဲမသိ။ အမောင် ၁ ယောက် ပေါ်လာပြန်ရော။ သူနဲ့ကတော့ သံယောဇဉ်ပေါင်း များစွာ ဖြစ်သွားသလို ၅၂၈ လဲမက၊ ၁၅၀၀ လဲမပြည့် … ဒီလိုနဲ့ အီလည်လည် ရက်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ သူနဲ့က ဇာတ်သိမ်းမရှိဘူး။ ခုတော့လဲ မီးသော်ကြီးတို့ ၂၀ ကျော်အရွယ် ( ဘယ်တုန်းက ကျော်ခဲ့တာလဲတော့ လာမမေးနဲ့နော်၊ ရန်သူဖြစ်သွားမယ် ) ဒီလိုပဲ တ၀ဲလည်လည် ဖြစ်နေလေသတည်းပေါ့။

ကြားထဲမှာ ဒိုင်လျှိုလေးတွေကတော့ ထည့်မရေးတော့ပါဘူးလေ။ ခုရေးတဲ့အထဲမှာ ကျန်နေသေးတဲ့သူများကို အပေါ်မှာ ဘုံထုတ်ထားတဲ့အရာ မဖြစ်ခဲ့ပါဘူးလို့ ရွှေစိတ်တော်တွေ မညိုကြပါနဲ့နော်။ မေ့ထားတာမဟုတ်သလို ချန်ထားခဲ့တာလဲ မဟုတ်ပါဘူး။ ကဲ မီးသော်ကြီးတို့ကတော့ ဥပမာပေးရရင် - ဥဒေါင်းတွေ ကသလိုပဲပေါ့။ လှတယ်လှတယ်နဲ့ သူများချီးမွမ်းတာကိုခံပြီး ကနေလိုက်တာ အနောက်က ဟိုဟာဖြစ်နေတာ မသိသလိုပေါ့။ ခုလဲ မီးသော်ကြီး ရေးနေလိုက်တာ နောက်က ဟိုဟာကို သတိမရဘူး။ သူများတွေမြှောက်ပေးလို့ ကနေဆဲပဲ။ မသိလက်စနဲ့ မသိပါစေနဲ့တော့။ သူ့အရှိန်လေးနဲ့သူ လိမ့်နေပါစေ။ အဲလိုနည်းနဲ့ ရေးလိုက်တာ ဘာတွေ ဘယ်လိုရောက်ကုန်လဲတော့မသိ။ မီးသော်ကြီးတို့က အဲလို ရေးချင်တာ ရေးရပြီလားဆို ဘယ်တွေရောက်လို့ ဘာတွေဖြစ်ကုန်တယ် မသိဘူး။ ရေးချပလိုက်တာပဲ။ သူများတွေလို စာလုံး လှလှလေးတွေ၊ နိဒါန်း၊ စာကိုယ်၊ နိဂုံးတွေမပါဘူး။ ရေးချင်တာပဲသိတယ်။ ပညာမပါ၊ ဥာဏ်ကိုလဲ အတုံးလိုက်သုံး ဟုတ်နေတာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ မရေးတာနဲ့ယှဉ်ရင် ရေးတယ်ဆိုတာ ကောင်းပါတယ်။ ဟုတ်တယ်မလား။ ကဲ နောက်မှာဘာပဲဖြစ်ဖြစ် မီးသော်ကြီးတို့ နောက်လှည့်မကြည့်ပဲ နေလိုက်တော့မယ်။ လှတယ်ဆို ကရုံပဲ ... ။ - ။

2 comments:

Anonymous said...

ချစ်သော်..စာအရေးကောင်းလိုက်တာ.
ချစ်သော်ရေးတဲ.ပုံစံကိုကြိုက်တယ်..
ဆက်ရေးနော်..
အမြဲအားပေးနေတယ်..
ချစ်သော်ကိုချစ်တဲ.
ညီမလေးး

Anonymous said...

သော်

ဖတ်လို့ ကောင်းတယ် . ဆက်ရေးပါ .. တယောက်နဲ့ တယောက် စာရေးတဲ့ ပုံစံ မတူဘူး ဆိုတော့ သော့် စာတွေ ဖတ်ရတာလဲ အရသာ တမျိုးပါပဲ .. ခ အားပေးနေမယ်နော် …